မယုံကြည်ရာအကြောင်း(၁၀)ပါး (ကာလာမ သုတ္တန်/ကေသမုတ္တိသုတ္တန်)
( ၁) တစ်ဆင့်စကားကြားရုံမျှဖြင့် အမှန်ဟု မယူကြကုန်လင့် ၊
( ၂) မိဘ ဘိုးဘွားအဆက်ဆက်ပြောစကားများဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၃) ဒီဟာက ဒီလိုတဲ့ဟူ၍ မသေမချာ ပြောစကားဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၄) စာပေကျမ်းဂန်နှင့် ညီညွတ်ယုံမျှဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၅) ဤအတိုင်းသာ ဖြစ်လောက်ရာ၏ဟူ၍ ကြံဆခြင်းဟူသောအကြောင်းဖြင့်လည်းအမှန်ဟု
မယူကြကုန်လင့် ၊
( ၆) နည်းလမ်း ယုတ္တိဖြင့်ချိန်ဆနိုင်ခြင်းဟူသောအကြောင်းဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၇) အကြောင်းခြင်းရာကိုကြံဆခြင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၈) တွေးကြံစဉ်းစား၍ ကျေနပ်နှစ်သက်လက်ခံထားသော မိမိအယူအဆနှင့် ညီညွတ်ယုံဖြင့်
လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၉) နာယူထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်ခြင်းမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
(၁၀) မိမိတို့၏ဆရာဖြစ်သောရဟန်း၏ စကားဖြစ်ပုံမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
ကာလာမ မင်းတို့-အကြင်အခါ၌ ဤတရားတို့သည် အကုသိုလ်တရားများဖြစ်၏ ၊အပြစ်ရှိ
သောတရားများဖြစ်၏ ၊ပညာရှိတို့ကဲ့ရဲ့အပ်သောတရားများဖြစ်၏ ၊ပြည့်စုံစွာ စွဲယူဆောက်တည်အပ်
သည်ရှိသော် အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟူ၍ သင်တို့ကိုယ်တိုင်သာလျှင်သိကုန်ရာ၏ ။
ထိုအခါ၌ သင်တို့သည် ထိုတရားတို့ကို ပယ်စွန့်ကြကုန်လော့ ။----------------------------
အကြင်အခါ၌ ဤတရားတို့သည် ကုသိုလ်တရား အပြစ်ကင်းသောတရား ပညာရှိတို့ချီးမွမ်း
အပ်သောတရား အကျိုးစီးပွားတိုးတက်မှု ချမ်းသာမှုတို့ကိုဖြစ်စေသောတရား ဟူ၍ သင်တို့ကိုယ်တိုင်
သိကုန်၏ ၊ ထိုအခါ၌ ထိုတရားတို့ကို ပြည့်စုံစေ၍ နေကြကုန်လော့ ။ ဟူ၍ မြတ်ဗုဒ္ဓ ဟောကြားတော်
မူခဲ့သည် ။
No comments:
Post a Comment