Wednesday, October 17, 2012

ထာဝရဘုရားကိုးကွယ်သော ဘာသာဝင်များအတွက် အမြင်မရှင်းလင်းသည့် ပုစ္ဆာများ



၁။      ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင် ဘယ်မှာနေပါသနည်း?
၂။  ထာဝရဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း၊ ထာဝရဘုရားသခင်အဖြစ်သို့ ရောက်ရှိလာရသည့် ထာဝရဘုရား ၏ အထ္ထုပ္ပတ္တိကို ဖော်ပြပါ။
၃။       မွေးဖွားလာစကပင် တစ်ဦးနှင့် တစ်ဦး မတူညီဖြစ်ရသည့်အကြောင်းမှန်ကိုရှင်းပြပါ။
၎။       ထာဝရဘုရားဘာသာတွင် ရှေးဘ၀၊ နောက်ဘ၀ရှိပါသလား?
၅။ ထာဝရဘုရားဘာသာဝင်တို့ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံသို့ ၀င်ရောက်သွားဖူးသော မိသားစုများ၊ လူပုဂ္ဂိုလ်များ ရှိဖူးပါသလား? ယခုရော ရှိပါသလား? ရှိလျှင်လိပ်စာနှင့် နာမည်ကို အတိအကျ သက်သေ အဖြစ်ဖော်ပြပါ။
၆။      ထာဝရဘုရားသခင်သည်ကမ္ဘာကိုဖန်ဆင်းသည်ပာုဆိုရာတွင် အဘယ်အကျိုးကို မျှော်ကိုး၍ဖန်ဆင်းပါသ နည်း?
၇။       ချမ်းသာစေလို၍ပာု ဆိုပါက ယခု ခန္ဓာရှိသူတိုင်းသည် ဆင်းရဲအမျိုးမျိုး တွေ့ကြုံနေကြရသည်။ ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ဖိုးတော်မရှိ၍ ဘာအစွမ်းအစမှမရှိ၍ ဖြစ်ရသည်ပာုဆိုပါက ဘယ်လိုပြန်လည် အဖြေပေးနိုင်ပါသနည်း?
၈။       လူသားတို့တွေ့ကြုံနေရသည့် ဒုက္ခဆင်းရဲအမျိုးမျိုးတို့ကို သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမ ကင်းကြောင်း သေချာလှပါသည်။ ထို့ကြောင့် လူသားတို့ကိုဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေး သလား? ဆင်းရဲပေးသလား? ဆိုတာဖြေကြားပေးပါ။
၉။       လူသားတို့ကို မေတ္တာ၊ ကရုဏာဖြင့်ဖန်ဆင်းသည်ပာုဆိုပါက မည်သူတစ်ဦးကမျှ မလိုချင်၊ မတောင့်တသည့် " အိုခြင်း၊ နာခြင်း၊ သေခြင်း " ဒုက္ခဆိုးကြီးတွေကို ဘာကြောင့် ဖန်ဆင်းခဲ့သနည်း? ဘုရားသခင်၏ မေတ္တာကို ရှင်းပြပါ။
၁၀။     မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ပျှော်ရွှင်ခြင်း၊ ကြေကွဲခြင်းစသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုအ တိုင်းသာ ဖြစ်ရသည်ပာု ဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးကောင်းသမီး၏ အဖြစ်ဆိုးသည် ထာဝရဘုရားသခင်၏ အလိုတော်အတိုင်းသာ ဖြစ်ရသည်ပာု သဘောသက်ရောက်ဖွယ် ရှိပေသည်။ ဤသို့ မှန်ပါက ထာဝရဘုရားသခင်၏ ကရုဏာတော်သည် မည်သို့နည်း?
၁၁။     သာမန်ထူးချွန်သော လူပုဂ္ဂိုလ်သည်ပင်လျှင် ထူးချွန်လာဖို့ ကြိုးစားဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အထ္ထုပ္ပတ္တိ ရှိ၏။ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားဂုဏ်နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတစ်ဆူ ဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အထ္ထုပ္ပတ္တိ ရှိသင့်ပေ၏။ ရှိက ဖော်ပြပါ။ အကျိုးတ ရားတစ်ခုတစ်ခုတိုင်းတွင် အကြောင်းတရားရှိ၏။ အကြောင်းတရားမရှိဘဲ အကျိုးတရားပေါ်ရိုးထုံးစံရှိပါသ သလား? အခိုင်အမာ  ဖြေကြားပေးပါ။
၁၂။     ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ပာု လူတိုင်းသိကြပါသည်။ သင်ကိုယ်တိုင်လည်း ဒုက္ခရှိတာ ငြင်းချက်မရှိသေး၊ သေ ချာ၏။ ဒုက္ခဖြစ်စေနိုင်သည့် ဤခန္ဓာကို ထာဝရဘုရားက ဖန်ဆင်းပေးသည်ဆိုပါက ဒုက္ခဖြစ်ရခြင်းရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ ထာဝရဘုရားပင် ဖြစ်မနေပေဘူးလား? ကျေးဇူးရှင်ပာုခေါ်မလား? စဉ်းစား၍ဖြေ ကြည့်ပါ။
၁၃။     ထာဝရဘုရားက မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေ တွေ့ကြုံနိုင်ပါသလား? ဤ ဖန်ဆင်းရှင်၏ လက်ချက် ကြောင့် မွေးရခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ အိုရေး၊ နာရေး၊ သေရေး … ဒုက္ခအစုတို့ ဖြစ်ကြသည်မှာ မည်သူငြင်းနိုင်ပါအံ့နည်း? စဉ်းစား၍ သဘာဝကျကျငြင်း ချက်ထုတ်ပါ။
၁၄။     အပြစ်ရှိသူကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်တော့၏။ ဥပမာ - သင့်အပေါ်စော်ကား ချင်တိုင်း စော်ကားသော လူယုတ်မာကို အပြစ်မှလွတ်အောင် ထာဝရဘုရားသခင်ထံ ချဉ်းကပ်ဆုတောင်း၍ ထာဝရဘုရားသခင်သည် ( လူယုတ်မာ၏ အပြစ်ကိုခံယူပြီး ) ထို လူယုတ်မာ၏ အပြစ်ကိုခွင့်လွှတ် ကယ်တင် ခဲ့ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ်ရှိပါသလား? ရှင်းပြပါ။ သင်ကိုယ်တိုင်း အဓိပ္ပါယ်ရှိအောင် ဖြေကြားပါ။ ဆူးကိုတက်နင်းပြီးမှ ဖြစ်ပေါ်လာတဲ့ နာကျင်မှုဒဏ်ကို ထာဝရဘုရားသခင်ခံစားသလား? သင်ခံ စားသလား? အဓိပ္ပါယ်ရှိအောင် ဖြေကြားပေးပါ။
၁၅။     ထာဝရဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး၊ ရေ၊ သစ်ပင်၊ တောတောင်၊ လူနှင့် တိရိစ္ဆာန်တို့ကို ဖန်ဆင်း ခဲ့သည်ပာုဆိုသည်။ သို့သော် ထိုထိုသော သက်ရှိတို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာ လေကို ဖန်ဆင်းခဲ့သည်ပာု ကျမ်း၌ မတွေ့ရပါ။ ထို့ကြောင့်ေ လကိုဖန်ဆင်းသည်ပာုပါရှိသော ကျမ်း၏ စာအုပ်စာမျက် နှာ အထောက်အထားတို့ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
၁၆။     ထာဝရဘုရားသခင်သည် အနန္တမေတ္တာကရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့် လူ့ဘ၀ကိုကြမ်းတမ်းစေ သ နည်း? မအို၊ မနာ၊ မသေသော၊ ကောင်းကင်နိုင်ငံတော်သို့ ဘာကြောင့်အစကတည်းက မပို့ပဲ လူသားတို့ကို ဒုက္ခခံစားစေသနည်း? အနန္တမေတ္တာကရုဏာရှင် ပာူသောစကားနှင့်ကိုက်ညီအောင် သုံးနှုန်းဖြေကြားပေးပါ။
၁၇။     ကိုယ့်ဘ၀ကိုယ် ရှာစားပြီး " ဘုရားကျွေးသည် " ပာူသော စကား၊ မိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို " ဘု ရားပေးသည် " ပာူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင်ရှာမထားပါက အစားအစာရပါမည်လော? သင်စီးပွားရှာမ ထားပါက ပြည့်စုံပါမည်လော? ထိုသို့ စားရခြင်း၊ ပြည့်စုံခြင်း၊ အကျိုးတရားတို့တွင် ဘုရားသခင်၏ လုပ် ဆောင်ချက် ရှိပါသလား? ရှိက ဖော်ပြပါ။ ကိုယ့်ဘ၀ကိုယ် ရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေပေဘူး လား?  သဘာဝကျအောင် စဉ်းစား ဖြေကြားပေးပါ။
၁၈။     ဖန်ဆင်းရှင်သည် ဤကမ္ဘာကို ၆ ရက်ဖန်ဆင်းပြီး တစ်ရက်နားခဲ့ပါက နေစကြ၀ဠာ တစ်ခုကို ရက် (၇၀)၊ နဂါး ငွေ့တန်း ကြယ်စုကြီးကို ရက် ကုဋေ (၇) သိန်း၊ အနန္တစကြ၀ဠာကြီးကို ရက် ကုဋေ (၇)သန်း တစ်သိန်း ကြာ  မျှ ဖန်ဆင်းရပေလိမ့်မည်။
၁၉။     ထာဝရဘုရားသည် ဤကမ္ဘာကိုဖန်ဆင်းသည်ပာု ဆို၏။ သို့သော် တခြား တခြားသော စကြ၀ဠာ အသီးသီးမှ ဂြိုပ်ာသားများ ဤကမ္ဘာသို့ရောက်ရှိလာခြင်းများကို သိပ္ပံသုတေသနပြု စာအုပ်များတွင် အထင်အရှားတွေ့မြင်နေရပါသည်။ထိုဂြိုပ်ာသားများကိုထာဝရဘုရားဖန်ဆင်းခဲ့သလား? ဖန်ဆင်းခဲ့သည်ပာုဆိုပါက ကျမ်းအ ထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
၂၀။     ထာဝရဘုရားဖန်ဆင်းခဲ့သည်မှာ တစ်ကမ္ဘာတည်းပာု သိရပါသည်။ သို့သော် စကြ၀ဠာအနန္တပာူ၍ မရေမ တွက် နိုင်သော ဂြိုပ်ာအမျိုးမျိုးရှိနေကြောင်း သိပ္ပံစမ်းသပ်မှုများ၌ ဖော်ပြနေကြသည်ကို အဘယ်သို့ဖြေရှင်း မည်နည်း?
၂၁။     သိပ္ပံစမ်းသပ်မှု၏ တိုးတက်တွေ့ရှိချက်တွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းမှုဝါဒကို ငြင်းဆန်သ ကဲ့သို့ သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ပာု ပြောမည်လား? ဖန်ဆင်းရှင်ဝါဒက မှား သည်ပာု ပြောမည်လား? အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပြပါ။
၂၂။     ထာဝရဘုရား၏ ရုပ်ပုံလွှာကို ဖော်ပြရာ၌ " ဆံပင်မွေးညှင်းသည် ဖြူဖွေသော နှင်းပွင့်နှင့်တူ၏၊ မျက်လုံး (၇) လုံးပါရှိ၏၊ ဦးချို (၇)ချောင်းပါရှိ၏၊ ပါးစပ်တွင်း အသွားနှစ်ဖက်ပါသော ဓားရှည်တစ်ချောင်းပါရှိပြီး လက်တော် တို့ ၌ မီးရဲရဲဖုတ်ထားသော ကြေးဝါရောင်ရှိ၏ " ပာု ကျမ်းစာတို့တွင် အတိအကျဖော်ပြထားပါလျှက် အဘယ့် ကြောင့် ဓမ္မဆရာများက တရားပောာရာတွင် ထည့်မပောာပဲ ၀ိညာဉ်တော်ပာူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤသို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ပြည့်စုံသော ထာဝရဘုရားသခင်ကို ကြည်ညိုဖွယ်ရာပာူ၍ ဘယ် လိုခံစား နှစ်သက်ကြည်နူးစွာ ကြည်ညိုကြပါသနည်း?
၂၃။     သတ္တ၀ါတို့သည် ဘယ်တရား၏ သဘောကို ခံယူနေကြပါသနည်း? အို၊ နာ၊ သေ နဲ့ ခန္ဓာဒုက္ခအကြောင်း၊ ဘုံ ဘ၀တို့၌ သတ္တ၀ါလောက၏ ဆင်းရဲကြောင်းဖြစ်သည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ (ပဋိစ္စသမုပ္ပါပုဒ် စက်ဝိုင်း) ကို ဘယ်သူပောာကြားခဲ့သနည်း?
၂၄။  ဓမ္မပောာင်းကိုမည်သူပောာ၍ဓမ္မသစ်ကိုမည်သူပောာပါသနည်း? ၄င်း နှစ်ဦးတို့၏ ပောာပြောချက်များ အ ဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း?
၂၅။     ထာဝရဘုရားဆိုတာ ဘယ်သူပါလဲ? ဘာကြောင့် ကိုယ်စားလှယ်အဖြစ် သားတော်ကို စေလွှတ်ရသလဲ? အ ဘယ်ကြောင့် လောကအတွင်းသို့ မဆင်းသက်သလဲ?
၂၆။     စာရေးဆရာဆန်းလွင် (အရှင် အာာဒိစ္စရံသီ) ရေးသားသော ရတနာ (၃) ပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်းစာအုပ်မှခရစ်ယာန်ဝါဒ ကောက်နှုတ်ချက်များကို
          ဖြေရှင်းနိုင်ပါသလား?
၂၇။     ဆိုးမိုက်၍ မလိမ္မာသော လူယုတ်မာများကို အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း? သူ့ပာာသူ ဆိုးမိုက်လာရ သည် ဆိုပါက အနန္တတန်ခိုးတော်ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ့်ကြောင့် သူဖန်ဆင်းသော လူကို သူမထိန်းသိမ်းနိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်ကား မည်သို့နည်း?
[ ခရစ်ယာန်ဘာသာမှ စစ်မှန်သော ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာသူ စေတနာရှင်တစ်ဦး ]

No comments:

Post a Comment