အကြောင်းနဲ့ အကျိုး ( အပိုင်း - ၂ )
လူသား လို့ ဆိုရတဲ့ သတ္တ၀ါတွေမှာ မြင်နိုင်စရာ(မျက်စေ့)၊ကြားနိုင်စရာ(နား)၊အနံ့ ရနိုင်စရာ(နှာခေါင်း)၊အရသာကိုသိနိုင်စရာ(လျှာ)၊
ထိတွေ့ မှုကိုသိနိုင်စရာ(ကိုယ်)နဲ့ စိတ်ကူးကြံစည်မှုသိနိုင်စရာ(စိတ်)ရယ်လို့ အဂါင်္များ(သို့ မဟုတ်)တံခါးများ
(ဒွါရ) ပါရှိကြပါတယ်။ဒါပေမဲ့ လူသားတွေရဲ့အဲဒီအာရုံခံအဂါင်္ရပ်များဟာ အလွန်မှအားနည်းကြပါတယ်။ဥပမာ-မျက်စေ့ကမြင်ရတာဆိုရင် ခရမ်းရောင်,မဲနယ်ရောင်,အပြာရောင်,အစိမ်းရောင်,
အ၀ါရောင်,လိမ္မော်ရောင်နဲ့ အနီရောင် ဆိုတဲ့ သက်တန့် ရောင်စဉ်တန်းခွင် အတွင်းမှာသာ မြင်နိုင်ပါတယ်။အနီရောင်ရဲ့အောက်(အနီအောက်ရောင် ခြည်)Infrared Rays နဲ့  ခရမ်းရောင်ရဲ့အထက် (ခရမ်းလွန်ရောင်ခြည်)Ultraviolet Rays များကို မြင်နိုင်စွမ်းမရှိပါဘူး။အသံဆိုရင်လဲ 20 Hz/sec နဲ့  20000 Hz/sec အကြားရှိတဲ့ အသံလှိုင်းများကိုသာ ကြားနိုင်စွမ်းရှိပါတယ်။20Hz/sec အောက်အသံလှိုင်းများနဲ့ 20000 Hz/secအထက်အသံလှိုင်း
များကို ကြားနိုင်စွမ်းမရှိပါဘူး။
လူသားများမြင်နိုင် ကြားနိုင်စွမ်းမရှိတဲ့ အဲဒီ အမြင်လှိုင်း အသံလှိုင်းများကို တိရစ္ဆာန်သတ္တ၀ါများက ကြားနိုင် မြင်နိုင်ကြပါတယ်။အချို့ သော
စမ်းသပ်တိုင်းတာရေးကိရိယာများနဲ့ လဲ သိရှိနိုင်ကြပါတယ်။ဆိုလိုချင်တာကတော့-----
( ၁ ) လူသားများဟာစဉ်းစားတွေးခေါ်မှု သာလွန်တာကလွဲရင် အခြားသောတိရစ္ဆာန်များထက်ပိုပြီးသာလွန်တာသိပ်မရှိပါဘူး။ဆင်လောက်
အားမသန်ဘူး၊ငါးလောက်ရေထဲမှာမကျင်လည်နိုင်ဘူး၊ငှက်လောက်လဲမိမိဘာသာမပျံသန်းနိုင်ဘူးပေါ့။
( ၂ ) လူသားအနေနဲ့  မိမိမမြင်နိုင်၊မကြားနိုင်၊အနံ့ မရနိုင်၊အရသာမသိနိုင်၊မထိတွေ့ နိုင်ရုံမျှနဲ့  မရှိဘူး၊မဟုတ်ဘူး၊မဖြစ်နိုင်ဘူးဆိုပြီး မဆုံး
ဖြတ်သင့်ဘူးပေါ့။လူသတ္တ၀ါမမြင်နိုင်တဲ့ 'ရုပ်'တွေ၊မကြားနိုင်တဲ့ 'အသံ'တွေ၊မသိနိုင်တဲ့ 'အနံ့ 'တွေ----စသည်ဖြင့် လူသားခန္ဓာကိုယ်နဲ့ အာရုံခံစားလို့ 
မရနိုင်တာတွေ အများကြီးဘဲရှိနေကြတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူတဲ့ ၀ီထိနှင့်သုံးချက်စု ဘာသာဋီကာ စာအုပ်(ပလ္လင်ခံ)မှာရေးသားတော်မူထားတဲ့အတိုင်းမျှဝေရရင်------အတိအလင်း ဘွင်းဘွင်းကြီးရေးသားရမည်ဆိုသော် အခြားဘာသာတရားတို့ ၌ ဖဿ ဝေဒနာ သညာ
စသောသဘောရိုးကလေးများ၏နာမည်လောက်မျှမတွေ့ ရပေ၊ယခုခေတ်၌ လောကဓာတ်ပညာလွန်စွာထွန်းကားလာစေကာမူ ထိုလောကဓာတ်ပညာဖြင့်(တိုက်ရိုက်မဟုတ်)မှန်းဆ၍သိရသောဓာတ်မှုန်ကလေးမှာ"Atom"ခေါ် အနုမြူကလေးသာတည်း၊ထိုအနုမြူမှုန်ကလေး၌် မည်သည့်ဓာတ် သဘောတွေစုနေသည်ဟု သိဘို့ အရေးမှာ လောကဓာတ်ပညာ၏အရာမဟုတ်တော့ပြီ၊သဗ္ဗညုဘုရားရှင်ကား"ထိုအနုမြူထက်သေးသော ပရမာမြူကလေး၌ အသေးဆုံးရုပ်ကလာပ်တွေပေါင်းစပ်လျက်ရှိ၏၊ကလာပ် တစ်ခု တစ်ခု၌ ပထ၀ီ,အာပေါ,တေဇော,၀ါယော,၀ဏ္ဏ,ဂန္ဓ,ရသ,သြဇာ ဟူသော ရုပ်ပေါင်း (၈)ခု စုမိကာ သဟဇာတသတ္တိ,အညမညသတ္တိ,နိဿယသတ္တိ,အတ္ထိသတ္တိ,အ၀ိဂတသတ္တိ တို့ ဖြင့် အပြန်အလှန် ကျေးဇူးပြုလျက်ရှိကြသည်"ဟု တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့ အလယ်မှာ လောကဓာတ်ပညာရပ်တို့ ကို ကောင်းစွာပြသတော်မူခဲ့ပေသည်။
ဒီနေ့ အထိပေါ်ပေါက်ခဲ့ကြပြီးဖြစ်တဲ့ သိပ္ပံပညာရှင်၊တွေးခေါ်ပညာရှင် စတဲ့လောကီပညာရှင်ကြီးများဟာ"ပညတ်"လို့ ခေါ်ရတဲ့ပုံရိပ်(တစ်နည်းအားဖြင့်)စိတ်ရဲ့လှည့်စားချက်ကိုဘဲ မြင်နိုင် သိနိုင်ကြတာပါ။ရုပ်အကြောင်းကိုတောင် အပေါ်ယံ ပညတ်လောက်ဘဲ မြင်နိုင်သိနိုင်ပြီး တကယ့်အမှန် တကယ့်အစစ်ဖြစ်တဲ့ပရမတ်ရုပ်အကြောင်းကိုတော့ မြင်နိုင်သိနိုင်ဘို့ မဆိုထားနဲ့ ကြားဖူးဘို့ တောင်မလွယ်ပါဘူး။
ပရမတ်နာမ်အကြောင်းဆိုရင်တော့အဝေးကြီးဝေးပြီပေါ့။
ပညတ်ဆိုတာကတော့ လောကမှာ လူအများ ဆက်သွယ် ပြောဆိုသုံးနှုန်း လုပ်ကိုင်လို့ ဖြစ်ရုံမျှ သတ်မှတ်ချက်များသာဖြစ်ပါတယ်။
Relative Truth ပေါ့၊ပရမတ်ဆိုတာကတော့ အစစ်အမှန် တကယ်ရှိတဲ့ အရှိအစစ်တွေပါဘဲ။Absolute Truth တစ်နည်းအားဖြင့် Ultimate Truth
ဒါမှမဟုတ် Ultimate Reality ပါဘဲ။ဒါပေမဲ့ ပရမတ်တရားများဟာ အထည်ကိုယ် ဒြဗ် အခဲ အမှုန် ရှိကြတာမဟုတ်ပါဘူး။သဘောမျှသာရှိတဲ့အနေအထား
ပါဘဲ။ဒါကြောင့်မို့ လဲ သိပ္ပံဆရာကြီးများလက်လှမ်းမမှီကြတာပါ။ပရမတ်တရား ( ၄ ) ပါးရှိပါတယ်။စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန် ဖြစ်ပါတယ်။စိတ် ဆိုတာ
အာရုံသို့ ညွှတ်ကိုင်းတတ်တဲ့သဘောမျှဖြစ်ပါတယ်၊စေတသိက်ဆိုတာ စိတ်ကိုမှီတွယ်ပြီးစိတ်ကိုခြယ်လှယ်တဲ့သဘောဖြစ်ပါတယ်၊ရုပ်ဆိုတာကတော့
ပထ၀ီ,အာပေါ,တေဇော,၀ါယော,၀ဏ္ဏ,ဂန္ဓ,ရသ,သြဇာ ဆိုတဲ့အခြေခံသဘောတရားအပေါင်းအစုကိုဆိုလိုပါတယ်၊နိဗ္ဗာန် ဆိုတာကိုတော့သန္တိသုခဆိုတဲ့
ပကတိအငြိမ်းဓာတ်ကြီးဖြစ်ပါတယ်။ပရမတ်တရား ( ၄ )ပါးထဲမှာ စိတ်၊စေတသိက် နဲ့  ရုပ် တို့ ဟာ အကြောင်းတရားများ စီမံဖန်တီးမှုကြောင့်ဖြစ်ပေါ်
ကြရပြီး ၊ထိုအကြောင်းတရားများချုပ်ငြိမ်းတာနဲ့ သူတို့ လဲချုပ်ငြိမ်းရတာမို့ သူတို့ ကို သင်္ခတဓမ္မ လို့ ခေါ်ဆိုရပါတယ်။နိဗ္ဗာန်ကတော့အကြောင်းတရား
များကြောင့်ဖြစ်ရတဲ့တရားမဟုတ်လို့  အသင်္ခတဓမ္မ လို့ ခေါ်ဆိုရပါတယ်။
မြင်မြင်သမျှသခါင်္ရ(သင်္ခတ)ဆိုတဲ့အတိုင်းပါဘဲ၊အရာအားလုံးဟာ ဆိုင်ရာအကြောင်းတရားများကြောင့်ဖြစ်ပေါ်ကြရပြီး ၄င်းဆိုင်ရာ
အကြောင်းတရားများကွယ်ပျောက်ချုပ်ငြိမ်းတာနဲ့ ချုပ်ငြိမ်းရပါတယ်၊တစ်ခါအကြောင်းတရားများကထပ်မံဖန်တီးထုတ်လုပ်တာနဲ့ ထပ်မံဖြစ်ပေါ်ကြရပြန်
ပါတယ်၊ကံ,စိတ်,ဥတု,အာဟာရ ဆိုတဲ့အကြောင်းတရားများရှိနေသမျှ ရုပ်၊နာမ် သင်္ခါရတရားများဟာလဲ အဖန်ဖန် တလဲလဲ ဖြစ်လိုက် ပျက်လိုက်သံသရာလည်နေကြရတာပါဘဲ။
No comments:
Post a Comment