Wednesday, October 17, 2012

ထာဝရဘုရားကိုးကွယ်သော ဘာသာဝင်များအတွက် အမြင်မရှင်းလင်းသည့် ပုစ္ဆာများ



၁။      ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင် ဘယ်မှာနေပါသနည်း?
၂။  ထာဝရဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း၊ ထာဝရဘုရားသခင်အဖြစ်သို့ ရောက်ရှိလာရသည့် ထာဝရဘုရား ၏ အထ္ထုပ္ပတ္တိကို ဖော်ပြပါ။
၃။       မွေးဖွားလာစကပင် တစ်ဦးနှင့် တစ်ဦး မတူညီဖြစ်ရသည့်အကြောင်းမှန်ကိုရှင်းပြပါ။
၎။       ထာဝရဘုရားဘာသာတွင် ရှေးဘ၀၊ နောက်ဘ၀ရှိပါသလား?
၅။ ထာဝရဘုရားဘာသာဝင်တို့ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံသို့ ၀င်ရောက်သွားဖူးသော မိသားစုများ၊ လူပုဂ္ဂိုလ်များ ရှိဖူးပါသလား? ယခုရော ရှိပါသလား? ရှိလျှင်လိပ်စာနှင့် နာမည်ကို အတိအကျ သက်သေ အဖြစ်ဖော်ပြပါ။
၆။      ထာဝရဘုရားသခင်သည်ကမ္ဘာကိုဖန်ဆင်းသည်ပာုဆိုရာတွင် အဘယ်အကျိုးကို မျှော်ကိုး၍ဖန်ဆင်းပါသ နည်း?
၇။       ချမ်းသာစေလို၍ပာု ဆိုပါက ယခု ခန္ဓာရှိသူတိုင်းသည် ဆင်းရဲအမျိုးမျိုး တွေ့ကြုံနေကြရသည်။ ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ဖိုးတော်မရှိ၍ ဘာအစွမ်းအစမှမရှိ၍ ဖြစ်ရသည်ပာုဆိုပါက ဘယ်လိုပြန်လည် အဖြေပေးနိုင်ပါသနည်း?
၈။       လူသားတို့တွေ့ကြုံနေရသည့် ဒုက္ခဆင်းရဲအမျိုးမျိုးတို့ကို သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမ ကင်းကြောင်း သေချာလှပါသည်။ ထို့ကြောင့် လူသားတို့ကိုဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေး သလား? ဆင်းရဲပေးသလား? ဆိုတာဖြေကြားပေးပါ။
၉။       လူသားတို့ကို မေတ္တာ၊ ကရုဏာဖြင့်ဖန်ဆင်းသည်ပာုဆိုပါက မည်သူတစ်ဦးကမျှ မလိုချင်၊ မတောင့်တသည့် " အိုခြင်း၊ နာခြင်း၊ သေခြင်း " ဒုက္ခဆိုးကြီးတွေကို ဘာကြောင့် ဖန်ဆင်းခဲ့သနည်း? ဘုရားသခင်၏ မေတ္တာကို ရှင်းပြပါ။
၁၀။     မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ပျှော်ရွှင်ခြင်း၊ ကြေကွဲခြင်းစသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုအ တိုင်းသာ ဖြစ်ရသည်ပာု ဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးကောင်းသမီး၏ အဖြစ်ဆိုးသည် ထာဝရဘုရားသခင်၏ အလိုတော်အတိုင်းသာ ဖြစ်ရသည်ပာု သဘောသက်ရောက်ဖွယ် ရှိပေသည်။ ဤသို့ မှန်ပါက ထာဝရဘုရားသခင်၏ ကရုဏာတော်သည် မည်သို့နည်း?
၁၁။     သာမန်ထူးချွန်သော လူပုဂ္ဂိုလ်သည်ပင်လျှင် ထူးချွန်လာဖို့ ကြိုးစားဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အထ္ထုပ္ပတ္တိ ရှိ၏။ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားဂုဏ်နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတစ်ဆူ ဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အထ္ထုပ္ပတ္တိ ရှိသင့်ပေ၏။ ရှိက ဖော်ပြပါ။ အကျိုးတ ရားတစ်ခုတစ်ခုတိုင်းတွင် အကြောင်းတရားရှိ၏။ အကြောင်းတရားမရှိဘဲ အကျိုးတရားပေါ်ရိုးထုံးစံရှိပါသ သလား? အခိုင်အမာ  ဖြေကြားပေးပါ။
၁၂။     ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ပာု လူတိုင်းသိကြပါသည်။ သင်ကိုယ်တိုင်လည်း ဒုက္ခရှိတာ ငြင်းချက်မရှိသေး၊ သေ ချာ၏။ ဒုက္ခဖြစ်စေနိုင်သည့် ဤခန္ဓာကို ထာဝရဘုရားက ဖန်ဆင်းပေးသည်ဆိုပါက ဒုက္ခဖြစ်ရခြင်းရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ ထာဝရဘုရားပင် ဖြစ်မနေပေဘူးလား? ကျေးဇူးရှင်ပာုခေါ်မလား? စဉ်းစား၍ဖြေ ကြည့်ပါ။
၁၃။     ထာဝရဘုရားက မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေ တွေ့ကြုံနိုင်ပါသလား? ဤ ဖန်ဆင်းရှင်၏ လက်ချက် ကြောင့် မွေးရခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ အိုရေး၊ နာရေး၊ သေရေး … ဒုက္ခအစုတို့ ဖြစ်ကြသည်မှာ မည်သူငြင်းနိုင်ပါအံ့နည်း? စဉ်းစား၍ သဘာဝကျကျငြင်း ချက်ထုတ်ပါ။
၁၄။     အပြစ်ရှိသူကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်တော့၏။ ဥပမာ - သင့်အပေါ်စော်ကား ချင်တိုင်း စော်ကားသော လူယုတ်မာကို အပြစ်မှလွတ်အောင် ထာဝရဘုရားသခင်ထံ ချဉ်းကပ်ဆုတောင်း၍ ထာဝရဘုရားသခင်သည် ( လူယုတ်မာ၏ အပြစ်ကိုခံယူပြီး ) ထို လူယုတ်မာ၏ အပြစ်ကိုခွင့်လွှတ် ကယ်တင် ခဲ့ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ်ရှိပါသလား? ရှင်းပြပါ။ သင်ကိုယ်တိုင်း အဓိပ္ပါယ်ရှိအောင် ဖြေကြားပါ။ ဆူးကိုတက်နင်းပြီးမှ ဖြစ်ပေါ်လာတဲ့ နာကျင်မှုဒဏ်ကို ထာဝရဘုရားသခင်ခံစားသလား? သင်ခံ စားသလား? အဓိပ္ပါယ်ရှိအောင် ဖြေကြားပေးပါ။
၁၅။     ထာဝရဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး၊ ရေ၊ သစ်ပင်၊ တောတောင်၊ လူနှင့် တိရိစ္ဆာန်တို့ကို ဖန်ဆင်း ခဲ့သည်ပာုဆိုသည်။ သို့သော် ထိုထိုသော သက်ရှိတို့ အသက်ရှင်ရေးအတွက် ရှူရှိုက်စရာ လေကို ဖန်ဆင်းခဲ့သည်ပာု ကျမ်း၌ မတွေ့ရပါ။ ထို့ကြောင့်ေ လကိုဖန်ဆင်းသည်ပာုပါရှိသော ကျမ်း၏ စာအုပ်စာမျက် နှာ အထောက်အထားတို့ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
၁၆။     ထာဝရဘုရားသခင်သည် အနန္တမေတ္တာကရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့် လူ့ဘ၀ကိုကြမ်းတမ်းစေ သ နည်း? မအို၊ မနာ၊ မသေသော၊ ကောင်းကင်နိုင်ငံတော်သို့ ဘာကြောင့်အစကတည်းက မပို့ပဲ လူသားတို့ကို ဒုက္ခခံစားစေသနည်း? အနန္တမေတ္တာကရုဏာရှင် ပာူသောစကားနှင့်ကိုက်ညီအောင် သုံးနှုန်းဖြေကြားပေးပါ။
၁၇။     ကိုယ့်ဘ၀ကိုယ် ရှာစားပြီး " ဘုရားကျွေးသည် " ပာူသော စကား၊ မိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို " ဘု ရားပေးသည် " ပာူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင်ရှာမထားပါက အစားအစာရပါမည်လော? သင်စီးပွားရှာမ ထားပါက ပြည့်စုံပါမည်လော? ထိုသို့ စားရခြင်း၊ ပြည့်စုံခြင်း၊ အကျိုးတရားတို့တွင် ဘုရားသခင်၏ လုပ် ဆောင်ချက် ရှိပါသလား? ရှိက ဖော်ပြပါ။ ကိုယ့်ဘ၀ကိုယ် ရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေပေဘူး လား?  သဘာဝကျအောင် စဉ်းစား ဖြေကြားပေးပါ။
၁၈။     ဖန်ဆင်းရှင်သည် ဤကမ္ဘာကို ၆ ရက်ဖန်ဆင်းပြီး တစ်ရက်နားခဲ့ပါက နေစကြ၀ဠာ တစ်ခုကို ရက် (၇၀)၊ နဂါး ငွေ့တန်း ကြယ်စုကြီးကို ရက် ကုဋေ (၇) သိန်း၊ အနန္တစကြ၀ဠာကြီးကို ရက် ကုဋေ (၇)သန်း တစ်သိန်း ကြာ  မျှ ဖန်ဆင်းရပေလိမ့်မည်။
၁၉။     ထာဝရဘုရားသည် ဤကမ္ဘာကိုဖန်ဆင်းသည်ပာု ဆို၏။ သို့သော် တခြား တခြားသော စကြ၀ဠာ အသီးသီးမှ ဂြိုပ်ာသားများ ဤကမ္ဘာသို့ရောက်ရှိလာခြင်းများကို သိပ္ပံသုတေသနပြု စာအုပ်များတွင် အထင်အရှားတွေ့မြင်နေရပါသည်။ထိုဂြိုပ်ာသားများကိုထာဝရဘုရားဖန်ဆင်းခဲ့သလား? ဖန်ဆင်းခဲ့သည်ပာုဆိုပါက ကျမ်းအ ထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
၂၀။     ထာဝရဘုရားဖန်ဆင်းခဲ့သည်မှာ တစ်ကမ္ဘာတည်းပာု သိရပါသည်။ သို့သော် စကြ၀ဠာအနန္တပာူ၍ မရေမ တွက် နိုင်သော ဂြိုပ်ာအမျိုးမျိုးရှိနေကြောင်း သိပ္ပံစမ်းသပ်မှုများ၌ ဖော်ပြနေကြသည်ကို အဘယ်သို့ဖြေရှင်း မည်နည်း?
၂၁။     သိပ္ပံစမ်းသပ်မှု၏ တိုးတက်တွေ့ရှိချက်တွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းမှုဝါဒကို ငြင်းဆန်သ ကဲ့သို့ သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ပာု ပြောမည်လား? ဖန်ဆင်းရှင်ဝါဒက မှား သည်ပာု ပြောမည်လား? အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပြပါ။
၂၂။     ထာဝရဘုရား၏ ရုပ်ပုံလွှာကို ဖော်ပြရာ၌ " ဆံပင်မွေးညှင်းသည် ဖြူဖွေသော နှင်းပွင့်နှင့်တူ၏၊ မျက်လုံး (၇) လုံးပါရှိ၏၊ ဦးချို (၇)ချောင်းပါရှိ၏၊ ပါးစပ်တွင်း အသွားနှစ်ဖက်ပါသော ဓားရှည်တစ်ချောင်းပါရှိပြီး လက်တော် တို့ ၌ မီးရဲရဲဖုတ်ထားသော ကြေးဝါရောင်ရှိ၏ " ပာု ကျမ်းစာတို့တွင် အတိအကျဖော်ပြထားပါလျှက် အဘယ့် ကြောင့် ဓမ္မဆရာများက တရားပောာရာတွင် ထည့်မပောာပဲ ၀ိညာဉ်တော်ပာူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤသို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ပြည့်စုံသော ထာဝရဘုရားသခင်ကို ကြည်ညိုဖွယ်ရာပာူ၍ ဘယ် လိုခံစား နှစ်သက်ကြည်နူးစွာ ကြည်ညိုကြပါသနည်း?
၂၃။     သတ္တ၀ါတို့သည် ဘယ်တရား၏ သဘောကို ခံယူနေကြပါသနည်း? အို၊ နာ၊ သေ နဲ့ ခန္ဓာဒုက္ခအကြောင်း၊ ဘုံ ဘ၀တို့၌ သတ္တ၀ါလောက၏ ဆင်းရဲကြောင်းဖြစ်သည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ (ပဋိစ္စသမုပ္ပါပုဒ် စက်ဝိုင်း) ကို ဘယ်သူပောာကြားခဲ့သနည်း?
၂၄။  ဓမ္မပောာင်းကိုမည်သူပောာ၍ဓမ္မသစ်ကိုမည်သူပောာပါသနည်း? ၄င်း နှစ်ဦးတို့၏ ပောာပြောချက်များ အ ဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း?
၂၅။     ထာဝရဘုရားဆိုတာ ဘယ်သူပါလဲ? ဘာကြောင့် ကိုယ်စားလှယ်အဖြစ် သားတော်ကို စေလွှတ်ရသလဲ? အ ဘယ်ကြောင့် လောကအတွင်းသို့ မဆင်းသက်သလဲ?
၂၆။     စာရေးဆရာဆန်းလွင် (အရှင် အာာဒိစ္စရံသီ) ရေးသားသော ရတနာ (၃) ပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်းစာအုပ်မှခရစ်ယာန်ဝါဒ ကောက်နှုတ်ချက်များကို
          ဖြေရှင်းနိုင်ပါသလား?
၂၇။     ဆိုးမိုက်၍ မလိမ္မာသော လူယုတ်မာများကို အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း? သူ့ပာာသူ ဆိုးမိုက်လာရ သည် ဆိုပါက အနန္တတန်ခိုးတော်ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ့်ကြောင့် သူဖန်ဆင်းသော လူကို သူမထိန်းသိမ်းနိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်ကား မည်သို့နည်း?
[ ခရစ်ယာန်ဘာသာမှ စစ်မှန်သော ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာသူ စေတနာရှင်တစ်ဦး ]

Saturday, October 13, 2012

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏
နိရုတ္တိဒီပနီကျမ်း၏ နိဿယနံကျဉ်း
http://www.mediafire.com/view/?rimba2y9dd82o4p
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏
ဓါတ်ကမ္မဌာန်းကျမ်းသစ်
http://www.mediafire.com/view/?4l4ntsb6ez44t1p
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏
ဒါနာဒိဒီပနီ
http://www.mediafire.com/view/?d9t02sxlwm87wl7
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏
ဓမ္မဒီပနီ
http://www.mediafire.com/view/?tfn6icmmjs0modz
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏
ဂမ္ဘီရကဗျာကျမ်း
http://www.mediafire.com/view/?dkl9pl0ph02zbdu
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏  ကမ္မဌာနဒီပနီကျမ်း
http://www.mediafire.com/view/?ou69748gq4fcbbz
ဗုဒ္ဓ သမ္မာဒိဋ္ဌိ ၀ါဒ နှင့် ခရစ်ယာန် ထာဝရဘုရားဝါဒတို့ ကျောက်ကွင်းရွာတွင် ၀ါဒပြိုင်ခြင်း
အောက်ပါ Link တွင် ဖတ်ရှု-Download နိုင်ပါသည်။

 http://www.mediafire.com/view/?4hhrvrl6vll2k5f
ကျေးဇူးရှင် မဟာလယ်တီဆရာတော်ဘုရားကြီး၏
ကမ္မဌာန်းကျမ်းကြီး
http://www.mediafire.com/view/?htx7oxj63mvr7hd
ကျေးဇူးရှင် မဟာလယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကိုလေ့လာလိုသူများအတွက် http://www.mediafire.com/view/?9sd8lkgf48748pm

Friday, October 12, 2012

            အကြောင်း နှင့်အကျိုး အပိုင်း ( ၃ )
    ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါအားလုံးတွင် လူသည် စဉ်းစားတွေးခေါ်နိုင်စွမ်း
အထက်မြက်ဆုံးဖြစ်သည်။တွေ့ ကြုံရသမျှအဖြစ်အပျက်၊ဘေးရန်၊သဘာဝအန္တရာယ်များနှင့်
ပတ်သက်၍ တတ်စွမ်းသမျှ အဖြေရှာကြ ဖေါ်ထုတ်ကြရင်း လူ့ ဘောင် ပတ်ဝန်းကျင်တိုးတက်ရေး
ဆောင်ရွက်လာကြသည်။အကြောင်းနှင့်အကျိုးဆက်စပ် ဖေါ်ထုတ်ဖြေရှင်းနိုင်သည့်ကိစ္စရပ်များမှာ
သိပ္ပံ့ညာ၊ဆေးပညာ၊ဓာတုဗေဒ၊ရုက္ခဗေဒ----စသည်ဖြင့် ဘာသာရပ်များစွာအဖြစ် ပေါ်ထွန်းလာကြသည်။
အကြောင်းနှင့်အကျိုး မဆက်စပ် မဖြေရှင်းနိုင်ကြသည့်ကိစ္စရပ်များတွင်ကား---
ဖန်ဆင်းရှင်တစ်ခု(သို့ မဟုတ်)အများကိုလူသားတို့ ကိုယ်တိုင် ဖန်ဆင်းမွေးထုတ်ကာ
ထိုဖန်ဆင်းရှင်(များ)အပေါ်ပုံချလိုက်ကြပေတော့သည်။ဤနည်းအားဖြင့်လူတို့ သည် ဘေးအန္တရာယ်ကို
ကြောက်ကြသောကြောင့် များစွာသောကိုးကွယ်ခြင်းသို့ ရောက်ကြရပါတယ်။
    ယနေ့ ခေတ်သိပ္ပံပညာသည် အတိုင်းအတာတစ်ခုအထိတိုးတက်နေပြီး လူသားတို့ ၏
ဘ၀ကိုလည်းအတိုင်းအတာတစ်ခုအထိတိုးတက်စေနိုင်သည်မှာမငြင်းနိုင်သကဲ့သို့ သိပ္ပံပညာတိုး
တက်မှုမှ လူသားတို့ အားအန္တရာယ်အဖြစ်ခြိမ်းခြောက်နေသည်မှာလည်း မည်သူမှငြင်းနိုင်မည်မဟုတ်ပါ။
သိပ္ပံပညာမည်မျှပင်တိုးတက်နေစေကာမူ ရုပ်အကြောင်းကိုပင် ပြည့်စုံအောင်မသိနိုင်ကြသေးပါ။
Millenium World's Greatest Scientist ဖြစ်သောGeneral and Special Relativity Theory
တို့ ရဲ့ပိုင်ရှင်ဖြစ်သူ Elbert Einstein က ဒြဗ်(ရုပ်)နှင့်စွမ်းအင်တို့ ရဲ့ အပြန်အလှန်ဆက်သွယ်မှုအကြောင်း
ခိုင်ခိုင်မာမာဖေါ်ထုတ်တင်ပြသွားခဲ့ပါတယ်။Einstein ရဲ့တင်ပြချက်အရဆိုရင် ရုပ်(ဒြဗ်)တွေဟာ
တကယ်တော့ အမှုန် အခဲ မဟုတ်ကြတော့ဘဲစွမ်းအင် တစ်နည်းအားဖြင့် သဘောတရားမျှသာ
ဖြစ်ကြောင်းထင်ရှားပါတယ်။
    Einstein ဟာ သူ့ ရဲ့ Theory များကို တိုင်းတာရေးကိရိယာတွေအပ်ါအခြေခံတဲ့
သုတမယဥာဏ်နဲ့ ဖေါ်ထုတ်ခဲ့တာမဟုတ်ဘဲ တိုင်းတာရေးကိရိယာလုံးဝမပါတဲ့ စိန္တာမယဥာဏ်နဲ့ 
သာဖေါ်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်လဲ သူ့ ရဲ့Theory တွေတင်ပြကာစအချိန်တွေမှာ
သူ့ ကိုအခြားသောပညာရှင်များက၀ိုင်းဝန်းကန့် ကွက်ကြတာဖြစ်ပါတယ်။
    ရုပ်အကြောင်းကိုတောင်"ဂဃနဏ"မသိကြသေးဘူးဆိုရင်၊စိတ်အကြောင်း
နာမ်အကြောင်း သိဘို့ ရာ အဆပေါင်းများစွာကွာလှမ်းလျှက်ရှိနေပါသေးတယ်။အခုခေတ်ရဲ့
အကျော်ကြားဆုံးရူပဗေဒပညာရှင်ဖြစ်တဲ့ Stephen Hawking ကသူရေးသားပြီး
ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ A Brief History Of Time ထဲမှာ "
အချိန်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် "ကိုသူလုံးဝမသိတဲ့အကြောင်း ရိုးသားစွာဝန်ခံထားပါတယ်။
Time လို့ ခေါ်တဲ့အချိန်(သို့ မဟုတ်)ကာလ ရဲ့ Definition (အဓိပ္ပါယ်ဖွင့်ဆိုချက်)
ကိုဘယ်လိုပြောကြမလဲ။
    ရုပ်မှာစွမ်းအင်ရှိတယ်ဆိုတာကိုလက်ခံနိုင်ကြဘို့ လွယ်ပေမဲ့ စိတ်( နာမ် )မှာ
စွမ်းအင်ရှိကြောင်းကိုလက်ခံနိုင်ဘို့ ခဲယဉ်းကြပါလိမ့်မယ်။ဒီထက်တစ်ဆင့်တက်ပြီး"စိတ်စွမ်းအင်ဟာ
ရုပ်စွမ်းအင်ထက်ပိုပြီး အစွမ်းထက်တယ်"လို့ ပြောရင် ကန့် ကွက်ကြမဲ့သူတွေအများကြီးပေါ်
လာနိုင်စရာရှိပါတယ်။
    စိတ်စွမ်းအင်နဲ့ Einstein ဟာ ကမ္ဘာကျော် Theory တွေကိုထုတ်ဖေါ်ခဲ့တယ်၊
အခြားသောပညာရှင်များကလဲ စိတ်စွမ်းအင်နဲ့ လူသားအကျိုးပြုတီထွင်မှုများနဲ့ လူ့ အသုံးအ
ဆောင်များထုတ်လုပ်ခဲ့ကြတယ်၊ကမ္ဘာကိုမီးလောင်တိုက်သွင်းပစ်နိုင်တဲ့ အနုမြူလက်နက်တွေ၊
အဖျက်စွမ်းအားပြင်းထန်တဲ့ကမ္ဘာဖျက်လက်နက်တွေကိုလဲ စိတ်စွမ်းအင်နဲ့ ဘဲတီထွင်ထုတ်
လုပ်နိုင်ကြတယ်။လောကီ ကာမနယ်သား သတ္တ၀ါအားလုံးဟာ စိတ်ရဲ့စေရာအတိုင်းဘဲပြုမူ၊ပြောဆို၊
တွေးကြံနေကြရပါတယ်။ဒါကြောင့် မြတ်ဗုဒ္ဓက စိတ္တေန နိယတိ လောကော
(စိတ်သည် လောကကြီးကို ကြီးစိုး၏)လို့ ဟောကြားတော်မူထားခဲ့ပါတယ်။
    ဒီလောက်တောင် တန်ခိုးစွမ်းအားကြီးမားတဲ့စိတ်ကို ဘယ်သူတွေကများခြယ်လှယ်နေကြ
ပါသလဲ?
    စေတသိက် (Mental Properties)တွေက ခြယ်လှယ်နေကြပါတယ်။စေတသိက်တွေဟာ
(၁) စိတ်နဲ့ အတူဖြစ်ပါတယ်၊ (၂) စိတ်နဲ့ အတူချုပ်ပါတယ်၊ (၃) စိတ်ယူတဲ့အာရုံကိုဘဲယူပါတယ်၊
(၄) စိတ်နဲ့ မှီရာဝတ္ထုတူပါတယ်။စိတ်သက်သက် ဟာကြည်လင်နေတဲ့ရေနဲ့ တူပါတယ်။အဲဒီရေထဲကို
အရောင်အမျိုးမျိုးဆိုးရင် ဆိုးလိုက်တဲ့အရောင်အတိုင်း ရေရဲ့အရောင်ဟာပြောင်းလဲပါတယ်။ဒီလိုပါဘဲ
စိတ်ဟာ လောဘနဲ့ ယှဉ်တဲ့အခါ လောဘစိတ်ဖြစ်တယ်၊ဒေါသနဲ့ ယှဉ်တဲ့အခါ ဒေါသစိတ်ဖြစ်တယ်၊
မေတ္တာနဲ့ ယှဉ်တဲ့အခါ နူးညံ့တဲ့မေတ္တာစိတ်ဖြစ်ပါတယ်။စေတသိက် ( ၅၂ )ခုရှိပါတယ်။
ဒီနေရာမှာတော့ စိတ်တစ်ခုဖြစ်ဖို့ အနဲဆုံးလိုအပ်ချက်ဖြစ်တဲ့"သဗ္ဗစိတ္တသာဓာရဏ"
စေတသိက်များကိုဘဲတင်ပြလိုပါတယ်။စိတ်ဖြစ်တိုင်း အနဲဆုံး(အမြဲတမ်း)ပါဝင်တဲ့စေတသိက်
များဖြစ်ပါတယ်။
                အကြောင်းနဲ့ အကျိုး ( အပိုင်း - ၂ )
        လူသား လို့ ဆိုရတဲ့ သတ္တ၀ါတွေမှာ မြင်နိုင်စရာ(မျက်စေ့)၊ကြားနိုင်စရာ(နား)၊အနံ့ ရနိုင်စရာ(နှာခေါင်း)၊အရသာကိုသိနိုင်စရာ(လျှာ)၊
    ထိတွေ့ မှုကိုသိနိုင်စရာ(ကိုယ်)နဲ့ စိတ်ကူးကြံစည်မှုသိနိုင်စရာ(စိတ်)ရယ်လို့ အဂါင်္များ(သို့ မဟုတ်)တံခါးများ
(ဒွါရ) ပါရှိကြပါတယ်။ဒါပေမဲ့ လူသားတွေရဲ့အဲဒီအာရုံခံအဂါင်္ရပ်များဟာ အလွန်မှအားနည်းကြပါတယ်။ဥပမာ-မျက်စေ့ကမြင်ရတာဆိုရင် ခရမ်းရောင်,မဲနယ်ရောင်,အပြာရောင်,အစိမ်းရောင်,
    အ၀ါရောင်,လိမ္မော်ရောင်နဲ့ အနီရောင် ဆိုတဲ့ သက်တန့် ရောင်စဉ်တန်းခွင် အတွင်းမှာသာ မြင်နိုင်ပါတယ်။အနီရောင်ရဲ့အောက်(အနီအောက်ရောင် ခြည်)Infrared Rays နဲ့  ခရမ်းရောင်ရဲ့အထက် (ခရမ်းလွန်ရောင်ခြည်)Ultraviolet Rays များကို မြင်နိုင်စွမ်းမရှိပါဘူး။အသံဆိုရင်လဲ 20 Hz/sec နဲ့  20000 Hz/sec အကြားရှိတဲ့ အသံလှိုင်းများကိုသာ ကြားနိုင်စွမ်းရှိပါတယ်။20Hz/sec အောက်အသံလှိုင်းများနဲ့ 20000 Hz/secအထက်အသံလှိုင်း
 များကို ကြားနိုင်စွမ်းမရှိပါဘူး။
        လူသားများမြင်နိုင် ကြားနိုင်စွမ်းမရှိတဲ့ အဲဒီ အမြင်လှိုင်း အသံလှိုင်းများကို တိရစ္ဆာန်သတ္တ၀ါများက ကြားနိုင် မြင်နိုင်ကြပါတယ်။အချို့ သော
    စမ်းသပ်တိုင်းတာရေးကိရိယာများနဲ့ လဲ သိရှိနိုင်ကြပါတယ်။ဆိုလိုချင်တာကတော့-----
        ( ၁ ) လူသားများဟာစဉ်းစားတွေးခေါ်မှု သာလွန်တာကလွဲရင် အခြားသောတိရစ္ဆာန်များထက်ပိုပြီးသာလွန်တာသိပ်မရှိပါဘူး။ဆင်လောက်
    အားမသန်ဘူး၊ငါးလောက်ရေထဲမှာမကျင်လည်နိုင်ဘူး၊ငှက်လောက်လဲမိမိဘာသာမပျံသန်းနိုင်ဘူးပေါ့။
        ( ၂ ) လူသားအနေနဲ့  မိမိမမြင်နိုင်၊မကြားနိုင်၊အနံ့ မရနိုင်၊အရသာမသိနိုင်၊မထိတွေ့ နိုင်ရုံမျှနဲ့  မရှိဘူး၊မဟုတ်ဘူး၊မဖြစ်နိုင်ဘူးဆိုပြီး မဆုံး
    ဖြတ်သင့်ဘူးပေါ့။လူသတ္တ၀ါမမြင်နိုင်တဲ့ 'ရုပ်'တွေ၊မကြားနိုင်တဲ့ 'အသံ'တွေ၊မသိနိုင်တဲ့ 'အနံ့ 'တွေ----စသည်ဖြင့် လူသားခန္ဓာကိုယ်နဲ့ အာရုံခံစားလို့ 
    မရနိုင်တာတွေ အများကြီးဘဲရှိနေကြတယ်။
        မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူတဲ့ ၀ီထိနှင့်သုံးချက်စု ဘာသာဋီကာ စာအုပ်(ပလ္လင်ခံ)မှာရေးသားတော်မူထားတဲ့အတိုင်းမျှဝေရရင်------အတိအလင်း ဘွင်းဘွင်းကြီးရေးသားရမည်ဆိုသော် အခြားဘာသာတရားတို့ ၌ ဖဿ ဝေဒနာ သညာ
 စသောသဘောရိုးကလေးများ၏နာမည်လောက်မျှမတွေ့ ရပေ၊ယခုခေတ်၌ လောကဓာတ်ပညာလွန်စွာထွန်းကားလာစေကာမူ ထိုလောကဓာတ်ပညာဖြင့်(တိုက်ရိုက်မဟုတ်)မှန်းဆ၍သိရသောဓာတ်မှုန်ကလေးမှာ"Atom"ခေါ် အနုမြူကလေးသာတည်း၊ထိုအနုမြူမှုန်ကလေး၌် မည်သည့်ဓာတ် သဘောတွေစုနေသည်ဟု သိဘို့ အရေးမှာ လောကဓာတ်ပညာ၏အရာမဟုတ်တော့ပြီ၊သဗ္ဗညုဘုရားရှင်ကား"ထိုအနုမြူထက်သေးသော ပရမာမြူကလေး၌ အသေးဆုံးရုပ်ကလာပ်တွေပေါင်းစပ်လျက်ရှိ၏၊ကလာပ် တစ်ခု တစ်ခု၌ ပထ၀ီ,အာပေါ,တေဇော,၀ါယော,၀ဏ္ဏ,ဂန္ဓ,ရသ,သြဇာ ဟူသော ရုပ်ပေါင်း (၈)ခု စုမိကာ သဟဇာတသတ္တိ,အညမညသတ္တိ,နိဿယသတ္တိ,အတ္ထိသတ္တိ,အ၀ိဂတသတ္တိ တို့ ဖြင့် အပြန်အလှန် ကျေးဇူးပြုလျက်ရှိကြသည်"ဟု တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့ အလယ်မှာ လောကဓာတ်ပညာရပ်တို့ ကို ကောင်းစွာပြသတော်မူခဲ့ပေသည်။
        ဒီနေ့ အထိပေါ်ပေါက်ခဲ့ကြပြီးဖြစ်တဲ့ သိပ္ပံပညာရှင်၊တွေးခေါ်ပညာရှင် စတဲ့လောကီပညာရှင်ကြီးများဟာ"ပညတ်"လို့ ခေါ်ရတဲ့ပုံရိပ်(တစ်နည်းအားဖြင့်)စိတ်ရဲ့လှည့်စားချက်ကိုဘဲ မြင်နိုင် သိနိုင်ကြတာပါ။ရုပ်အကြောင်းကိုတောင် အပေါ်ယံ ပညတ်လောက်ဘဲ မြင်နိုင်သိနိုင်ပြီး တကယ့်အမှန် တကယ့်အစစ်ဖြစ်တဲ့ပရမတ်ရုပ်အကြောင်းကိုတော့ မြင်နိုင်သိနိုင်ဘို့ မဆိုထားနဲ့ ကြားဖူးဘို့ တောင်မလွယ်ပါဘူး။
ပရမတ်နာမ်အကြောင်းဆိုရင်တော့အဝေးကြီးဝေးပြီပေါ့။
        ပညတ်ဆိုတာကတော့ လောကမှာ လူအများ ဆက်သွယ် ပြောဆိုသုံးနှုန်း လုပ်ကိုင်လို့ ဖြစ်ရုံမျှ သတ်မှတ်ချက်များသာဖြစ်ပါတယ်။
    Relative Truth ပေါ့၊ပရမတ်ဆိုတာကတော့ အစစ်အမှန် တကယ်ရှိတဲ့ အရှိအစစ်တွေပါဘဲ။Absolute Truth တစ်နည်းအားဖြင့် Ultimate Truth
    ဒါမှမဟုတ် Ultimate Reality ပါဘဲ။ဒါပေမဲ့ ပရမတ်တရားများဟာ အထည်ကိုယ် ဒြဗ် အခဲ အမှုန် ရှိကြတာမဟုတ်ပါဘူး။သဘောမျှသာရှိတဲ့အနေအထား
    ပါဘဲ။ဒါကြောင့်မို့ လဲ သိပ္ပံဆရာကြီးများလက်လှမ်းမမှီကြတာပါ။ပရမတ်တရား ( ၄ ) ပါးရှိပါတယ်။စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန် ဖြစ်ပါတယ်။စိတ် ဆိုတာ
    အာရုံသို့ ညွှတ်ကိုင်းတတ်တဲ့သဘောမျှဖြစ်ပါတယ်၊စေတသိက်ဆိုတာ စိတ်ကိုမှီတွယ်ပြီးစိတ်ကိုခြယ်လှယ်တဲ့သဘောဖြစ်ပါတယ်၊ရုပ်ဆိုတာကတော့
    ပထ၀ီ,အာပေါ,တေဇော,၀ါယော,၀ဏ္ဏ,ဂန္ဓ,ရသ,သြဇာ ဆိုတဲ့အခြေခံသဘောတရားအပေါင်းအစုကိုဆိုလိုပါတယ်၊နိဗ္ဗာန် ဆိုတာကိုတော့သန္တိသုခဆိုတဲ့
    ပကတိအငြိမ်းဓာတ်ကြီးဖြစ်ပါတယ်။ပရမတ်တရား ( ၄ )ပါးထဲမှာ စိတ်၊စေတသိက် နဲ့  ရုပ် တို့ ဟာ အကြောင်းတရားများ စီမံဖန်တီးမှုကြောင့်ဖြစ်ပေါ်
    ကြရပြီး ၊ထိုအကြောင်းတရားများချုပ်ငြိမ်းတာနဲ့ သူတို့ လဲချုပ်ငြိမ်းရတာမို့ သူတို့ ကို သင်္ခတဓမ္မ လို့ ခေါ်ဆိုရပါတယ်။နိဗ္ဗာန်ကတော့အကြောင်းတရား
    များကြောင့်ဖြစ်ရတဲ့တရားမဟုတ်လို့  အသင်္ခတဓမ္မ လို့ ခေါ်ဆိုရပါတယ်။
        မြင်မြင်သမျှသခါင်္ရ(သင်္ခတ)ဆိုတဲ့အတိုင်းပါဘဲ၊အရာအားလုံးဟာ ဆိုင်ရာအကြောင်းတရားများကြောင့်ဖြစ်ပေါ်ကြရပြီး ၄င်းဆိုင်ရာ
 အကြောင်းတရားများကွယ်ပျောက်ချုပ်ငြိမ်းတာနဲ့ ချုပ်ငြိမ်းရပါတယ်၊တစ်ခါအကြောင်းတရားများကထပ်မံဖန်တီးထုတ်လုပ်တာနဲ့ ထပ်မံဖြစ်ပေါ်ကြရပြန်
    ပါတယ်၊ကံ,စိတ်,ဥတု,အာဟာရ ဆိုတဲ့အကြောင်းတရားများရှိနေသမျှ ရုပ်၊နာမ် သင်္ခါရတရားများဟာလဲ အဖန်ဖန် တလဲလဲ ဖြစ်လိုက် ပျက်လိုက်သံသရာလည်နေကြရတာပါဘဲ။
              " သမ္မာဒိဋ္ဌိလူမျိုး " မှ  " ဗုဒ္ဓဘာသာလူမျိုး " ဖြစ်သွားရပုံ
    မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာနှစ် ၂၃၅-ခုနှစ်သို့အရောက် မဇ္ဈိမ
ဒေသမှ သောဏထေရ်နှင့် ဥတ္တရထေရ် အမှုးပြုသော မထေရ် ငါးပါးတို့သည် ဗုဒ္ဓသာသနာတော်ကို
မြန်မာနိုင်ငံအောက်ပိုင်း သုဝဏ္ဏဘူမိ သထုံပြည်သို့ စတင်ယူဆောင်တော်မူခဲ့ကြလေသည် ။
    သာသနာနှစ် ၁၆၀၁-ခုနှစ်သို့အရောက်တွင် ရှင်အရဟံမထေရ်မြတ်သည် သထုံပြည်မှ ဗုဒ္ဓ
သာသနာတော်ကို မြန်မာနိုင်ငံအထက်ပိုင်း အရိမဒ္ဒန ပုဂံပြည်သို့ စတင်ဆောင်ယူတော်မူခဲ့လေသည် ။
    ပုဂံပြည့်ရှင် အနော်ရထာမင်းနှင့်တကွ တိုင်းသူပြည်သား လူထုအများတို့သည် သမ္မာဒိဋ္ဌိ
အယူဖြစ်သော ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်ကြလေသည် ။
    မှန်နန်းရာဇ၀င် ဘုရင့်နောင်အခန်း၌ " အပြည်ပြည်ထောင်သော မိစ္ဆာဒိဋ္ဌိတို့ကို သမ္မာဒိဋ္ဌိ
ဖြစ်အောင် ဆုံးမလေ့ရှိသော သာသနာ့ဒါယကာမင်း " ဟူ၍၎င်း ၊" မိစ္ဆာအယူမှသည် သမ္မာဒိဋ္ဌိကြီး
ဖြစ်စေ၍ ပရိယတ္တိ ပဋိပတ္တိ သာသနာတော်ကိုတည်စေသည် " ဟူ၍၎င်း ရေးသားခဲ့လေသည် ။
    ၎င်းရာဇ၀င်များအရဆိုလျှင် မြန်မာနိုင်ငံအောက်ပိုင်း၌ သာသနာနှစ် ၂၃၅-ခုနှစ်ကစ၍
သာသနာထွန်းလင်းခဲ့ကြောင်း ၊ မြန်မာနိုင်ငံအထက်ပိုင်း၌ သာသနာနှစ် ၁၆၀၁-ခုနှစ်ကစ၍ သာသနာ
ထွန်းလင်းခဲ့ကြောင်း ၊ သာသနာကိုသက်ဝင်ယုံကြည်ကြသော မြန်မာတိုင်းဘွား လူမျိုးအားလုံးကို
လည်း " သမ္မာဒိဋ္ဌိလူမျိုး "ဟူ၍ခေါ်ဝေါ်ကြကြောင်း ထင်ရှားခဲ့လေသည် ။
    သမ္မာဒိဋ္ဌိလူမျိုးဟူ၍ခေါ်ဝေါ်ကြခြင်း၏အကြောင်းရင်းမှာ မြတ်ဘုရား၏ သာသနာတော်ကို
သက်ဝင်ယုံကြည်ကြကုန်သောသူတို့သည် "သမ္မာဒိဋ္ဌိအကျင့်"ကိုကျင့်ကြသူများဖြစ်ကြသောကြောင့်
ဖြစ်ပေသည် ။
    သမ္မာဒိဋ္ဌိအကျင့်ဟူသည် သရဏဂုမ်ဆောက်တည်ခြင်းဖြင့်ဥပသကာ ဥပသိကာမအဖြစ်ကို
ခံယူကြ၍ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲစွဲကြကာ မဂ် ဖိုလ် နိဗ္ဗာန် ရကြောင်း သမ္မာဒိဋ္ဌိရှေ့သွားရှိ
သော မဂ္ဂင်ရှစ်ပါးကို ကျင့်သောအကျင့်ပင်ဖြစ်သည် ။
    မြန်မာရာဇ၀င်များကိုလေ့လာသောအခါအင်းဝခေတ်အစပိုင်းလောက်ကစ၍ နိုင်ငံခြားသား
များဖြစ်ကြသော ပြင်သစ်၊ပေါ်တူဂီ၊အင်္ဂလိပ်၊ဒပ်ခ်ျ၊အိန္ဒိယ စသောလူမျိုးများသည် ကုန်သည်အဖြစ်ဖြင့်
၎င်း၊မင်းမှုထမ်းအဖြစ်ဖြင့်၎င်း မြန်မာနိုင်ငံသို့ဝင်ရောက်နေထိုင်ကြကြောင်း သိရလေသည် ။
    ၎င်းနိုင်ငံခြားသားတို့အား မြန်မာလူမျိုးတို့က ကုလားဖြူ၊ကုလားမဲ၊ဟူ၍၎င်း၊သိုးဆောင်းလူ
မျိုးတို့ဟူ၍၎င်း ခေါ်ကြလေသည်။၎င်းတို့နှင့်ပါလာသော အယူဝါဒတို့မှာလည်း မြန်မာလူမျိုးတို့ယူကြ
သောသမ္မာဒိဋ္ဌိအယူနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကြ၍ "ဤဘ၀မှသေလွန်လျှင် ဘ၀ဇာတ်ပြတ်ခြင်း
အယူဝါဒရှင်ဘုရားတို့၏အမိန့်ကိုနာခံခြင်းလျှင်အဆုံးသတ်ကြလေသည်"
    သို့ဖြစ်သောကြောင့်လည်း ရှေး ပဝေနီမှစ၍ သမ္မာဒိဋ္ဌိအယူရှိကြသူ မြန်မာလူမျိုးတို့က
၎င်းနိုင်ငံခြားသားလူမျိုးတို့အား ဗျတိရေက နည်းအားဖြင့်"မိစ္ဆာဒိဋ္ဌိလူမျိုး"ဟူ၍ ခေါ်ဝေါ်ခဲ့ကြလေသည်။
    ၎င်းနိုင်ငံခြားသားတို့နောက်မှလည်း နိုင်ငံခြားသာသနာပြုဘုန်းကြီးများ မြန်မာပြည်တွင်းသို့
လိုက်ပါလာကြသည်ဟု ဆိုလေသည်။ နိုင်ငံခြားသာသနာပြုပုဂ္ဂိုလ်တို့အနက် အထင်ရှားဆုံးသော
ပုဂ္ဂိုလ်မှာ ဒေါက်တာဂျဒ်ဆင်ဖြစ်၍ ၎င်းပုဂ္ဂိုလ်သည် ခရစ်နှစ် ၁၈၁၃-ခုနှစ်ကမြန်မာနိုင်ငံသို့ရောက်လာ
သည်ဟုသိရသည်။
    အမရပူရခေတ် ဘိုးတော်မင်းတရားလက်ထက်သို့ရောက်လာသောအခါ ဒေါက်တာဂျဒ်ဆင်
စသော သာသနာပြုပုဂ္ဂိုလ်တို့သည် မြန်မာတို့က ၎င်းတို့အား " မိစ္ဆာဒိဋ္ဌိလူမျိုး " ဟူ၍ ခေါ်ဝေါ်နေသည်
ကို ပပျောက်စေရန် ၎င်းတို့သည်ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်သည့် " ခရစ်ယာန်ဘာသာလူ
မျိုး "ဟူ၍၎င်း၊သမ္မာဒိဋ္ဌိလူမျိုးဟူ၍၀င့်ကြွားခဲ့သော မြန်မာလူမျိုးတို့အားလည်း ဗုဒ္ဓဘာသာကိုသက်ဝင်
ယုံကြည်ကြသည့် " ဗုဒ္ဓဘာသာလူမျိုး " ဟူ၍၎င်း ကင်ပွန်းတပ်ခဲ့ကြလေသည် ။
    ၁၃၀၇-ခုနှစ်က ပုံနှိပ်ခဲ့သော ဦးခင်အမည်ရှိပုဂ္ဂိုလ် ပြုစုသည့် "ဗုဒ္ဓဘာသာဆိုတာဘာလဲ "
စာအုပ်၌ အငြိမ်းစားအရေးပိုင်မင်း ဦးဘိုးစ ရေးသည့် စာအုပ်ဝေဖန်ချက်အခန်း၌ " ဗုဒ္ဓဘာသာဟူ
သောစကားသည် ဘိုးတော်မင်းတရားလက်ထက်လောက်ကစ၍ လူတို့ဝေါဟာရသုံးစွဲခဲ့သောစကား
ဖြစ်သည်၊၎င်းစကားကိုမသုံးစွဲမီ ဗုဒ္ဓဘာသာတရားကို သမ္မာဒိဋ္ဌိတရားဟုခေါ်ဝေါ်သုံးစွဲကြ၏ " ဟူ၍
တွေ့ရလေသည် ။
    ဗုဒ္ဓဘာသာဟူသော အသုံးအနှုန်းသည် ပိဋကတ်စာပေတို့၌၎င်း၊ရှေးသာသနာဝင် ရာဇ၀င်
တို့၌၎င်း မတွေ့ရချေ ။နိုင်ငံခြားသာသနာပြုတို့ မြန်မာပြည်တွင်းသို့ရောက်လာကာမှသာ နိုင်ငံခြားသာ
သနာပြုတို့က ခေါ်ဝေါ်ကြသဖြင့် ဖြစ်ပေါ်လာသော စကားခွန်းဖြစ်ကြောင်းသိရလေသည် ။
    သက္ကရာဇ် ၁၂၄၇-ခုနှစ် မှသည်ဘက် မြန်မာမင်းတို့မရှိသည့်နောက်အင်္ဂလိပ်တို့အုပ်စိုး
သောအခါ ခရစ်ယာန်သာသနာပြုတို့ လွတ်လပ်စွာ သာသနာပြုနိုင်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာ ဟူ
သောစကားသည် တစတစ တွင်ကျယ်လာကြောင်းသိရလေသည် ။
    ခရစ်ယာန်သာသနာပြုတို့သည် မြန်မာလူမျိုးတို့အား အသက်မွေးဝမ်းကျောင်းပညာကိုပေး
ခြင်းဖြင့် ၎င်း၊မဟာမေဒင်(အစ္စလာမ်)သာသနာပြုတို့သည် မြန်မာအမျိုးသမီးတို့နှင့်လက်ထပ်ခြင်းအား
ဖြင့် သာသနာပြုကြလေသည် ။
    ၎င်းသာသနာပြုတို့၏ စက်ကွင်းသို့တစ်နည်းနည်းနှင့် ၀င်မိကြသည့်သူတို့ကအစပြု၍
" သမ္မာဒိဋ္ဌိ" အစား "ဗုဒ္ဓဘာသာ " ဟု စတင်ခေါ်ဝေါ်ကြကြောင်း သိရလေသည် ။ယနေ့ဆိုလျှင်ဘာ
သာခြားတို့သာမကတော့ဘဲ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သည်ပင်လျှင် သုံးစွဲခေါ်ဝေါ်ရသည့်
အခြေသို့ရောက်နေလေတော့သည် ။
(မဟာစည် ဆရာတော်ဘုရားကြီး ၏ ဘ၀ပြဿနာ စာအုပ်မှ မင်္ဂလာဦးအောင်မြင့် ၏ နိဒါန်း/အကြောင်းရင်း မှ ထုတ်နှုတ် ဖေါ်ပြပါသည် ။ )
   ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ၀ိပဿနာဆောင်ပုဒ်

* ၀ိပဿနာဉာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း။
* စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း။
* ဘယ်အကျိုးငှာ ထိုခန္ဓာ ဘယ်ခါရှုရပါသနည်း။
* မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုရပါသတည်း။
* ဖြစ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်။
* မြဲတယ် ၊ ကောင်းတယ် ၊ ငါကောင်နှယ် တကယ်ထင်တတ်သည်။
* ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်။
* မမြဲ ၊ ဆင်းရဲ ၊ သဘောပဲ ၊ ဉာဏ်ထဲရှင်းတော့သည်။
* စွဲမှုကင်းပျောက် မဂ်လမ်းပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်။
* ၀ိပဿနာရှုနည်း မူသေစည်း သိမ်းဆည်းထားရမည်။
       မယုံကြည်ရာအကြောင်း(၁၀)ပါး   (ကာလာမ သုတ္တန်/ကေသမုတ္တိသုတ္တန်)
( ၁)    တစ်ဆင့်စကားကြားရုံမျှဖြင့် အမှန်ဟု မယူကြကုန်လင့် ၊
( ၂)    မိဘ ဘိုးဘွားအဆက်ဆက်ပြောစကားများဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၃)    ဒီဟာက ဒီလိုတဲ့ဟူ၍ မသေမချာ ပြောစကားဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၄)    စာပေကျမ်းဂန်နှင့် ညီညွတ်ယုံမျှဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၅)    ဤအတိုင်းသာ ဖြစ်လောက်ရာ၏ဟူ၍ ကြံဆခြင်းဟူသောအကြောင်းဖြင့်လည်းအမှန်ဟု
    မယူကြကုန်လင့် ၊
( ၆)    နည်းလမ်း ယုတ္တိဖြင့်ချိန်ဆနိုင်ခြင်းဟူသောအကြောင်းဖြင့်လည်းအမှန်ဟုမယူကြကုန်လင့် ၊
( ၇)    အကြောင်းခြင်းရာကိုကြံဆခြင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၈)    တွေးကြံစဉ်းစား၍ ကျေနပ်နှစ်သက်လက်ခံထားသော မိမိအယူအဆနှင့် ညီညွတ်ယုံဖြင့်   
    လည်း အမှန်ဟုမယူကြကုန်လင့် ၊
( ၉)    နာယူထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်ခြင်းမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
(၁၀)    မိမိတို့၏ဆရာဖြစ်သောရဟန်း၏ စကားဖြစ်ပုံမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ၊
    ကာလာမ မင်းတို့-အကြင်အခါ၌ ဤတရားတို့သည် အကုသိုလ်တရားများဖြစ်၏ ၊အပြစ်ရှိ
သောတရားများဖြစ်၏ ၊ပညာရှိတို့ကဲ့ရဲ့အပ်သောတရားများဖြစ်၏ ၊ပြည့်စုံစွာ စွဲယူဆောက်တည်အပ်
သည်ရှိသော် အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟူ၍ သင်တို့ကိုယ်တိုင်သာလျှင်သိကုန်ရာ၏ ။
ထိုအခါ၌ သင်တို့သည် ထိုတရားတို့ကို ပယ်စွန့်ကြကုန်လော့ ။----------------------------
    အကြင်အခါ၌ ဤတရားတို့သည် ကုသိုလ်တရား အပြစ်ကင်းသောတရား ပညာရှိတို့ချီးမွမ်း
အပ်သောတရား အကျိုးစီးပွားတိုးတက်မှု ချမ်းသာမှုတို့ကိုဖြစ်စေသောတရား ဟူ၍ သင်တို့ကိုယ်တိုင်
သိကုန်၏ ၊ ထိုအခါ၌ ထိုတရားတို့ကို ပြည့်စုံစေ၍ နေကြကုန်လော့ ။  ဟူ၍ မြတ်ဗုဒ္ဓ ဟောကြားတော်
မူခဲ့သည် ။
    လူ၊သတ္တ၀ါတို့ ဘယ်ကစ,ပါသလဲ?
    ဖန်ဆင်းရှင်အယူဝါဒအရ ဖန်ဆင်းရှင်(ကောင်းကင်ဘုံ)ကဖန်ဆင်းသည်။
ကောင်းကင်ဘုံမှာပင် ဆုံးသည်။ ဤသည်မှာ အတုံးအခဲ၊အသွင်ပုံသဏ္ဍာန်၊ရှိသော
သမ္မုတိပညတ်သဘောဆောင်သည့်အရာတို့၏ အစနှင့်အဆုံး ပုံစံဖြစ်၏ ။ အလျားလိုက်
ရှာ၍ရနိုင်သော သံကြိုးကွင်းဆက်၏အစ နှင့်အဆုံးပုံစံမျိုးဖြစ်၏။
    ဗုဒ္ဓ၏တရားတော်အရဆိုလျှင် လူ၊သတ္တ၀ါတို့၏ အစနှင့်အဆုံးကို အလျား
လိုက်သံကွင်းဆက်ကြိုး၏အစနှင့်အဆုံးကဲ့သို့ ရှာ၍မရနိုင်။ အကြောင်းမှာ လူ၊သတ္တ၀ါတို့
သည် အသွင်ပုံသဏ္ဍာန် မရှိသော ပရမတ်သဘောဆောင်သည့် ရုပ်၊နာမ် တရားများ၏
ဖြစ်စဉ် ဖြစ်သောကြောင့်ပင်။ အသွင်ပုံသဏ္ဍာန်ရှိသော ပညတ်သဘောဆောင်သည့်အရာ
များ၌သာ အလျားလိုက်သံကြိုးကွင်းဆက်၏အစနှင့်အဆုံးရှာသလို ရှာ၍ရနိုင်၏။
Linear Dimension ဖြစ်၏။
    ပရမတ်သဘောဆောင်သည့် ရုပ်၊နာမ် တရားများ၏ ဖြစ်စဉ်မှာကား Linear
Dimension မဟုတ်ပေ။ အစ အဆုံးမထင်ရှားသည့် Circular Dimension သာဖြစ်၏။
သို့ဖြစ်၍ ပရမတ်သဘော ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်(Process Of Dependent Origination)
သည် Circular Dimension သဘောဆောင်ခြင်းဖြစ်သည်။
    ဤနေရာ၌ အစဆိုသည်မှာ အစပြုသောနေရာဌာနကိုမဆိုလိုပါ။ စတင်ဖြစ်
ပေါ်လာအောင် စတင်အကြောင်းပြုပေးသော အကြောင်းတရားကိုသာဆိုလိုသည်။ဖန်
ဆင်းရှင်အယူဝါဒ (Creatorism)အရဆိုပါက ဖန်းဆင်းရှင်က လူ၊သတ္တ၀ါ အပါအ၀င်
သက်ရှိ သက်မဲ့ဟူသမျှကို စတင်ဖြစ်ပေါ်လာအောင်အကြောင်းပြုပေးသူဖြစ်သောကြောင့်
ဖန်ဆင်းရှင်သည် အစဖြစ်၏။ အဆုံးလည်းဖန်ဆင်းရှင်ပင်ဖြစ်၏။ ဗုဒ္ဓ၏၀ါဒအရဆိုလျှင်
လူ၊သတ္တ၀ါ အပါအ၀င် သက်ရှိ သက်မဲ့ဟူသမျှကို ဗုဒ္ဓကလည်း စတင်ဖန်ဆင်းသည်မ
ဟုတ်၊မည်သူကမျှ ဖန်ဆင်းသည်မဟုတ်၊ သို့ဖြစ်သောကြောင့် ဖန်ဆင်းရှင်အယူဝါဒမှာ
ရှိသောအစ အဆုံးကဲ့သို့ အစအဆုံးမျိုးမရှိနိုင်။
    ကြက်တစ်ကောင်ဖြစ်လာအောင် စတင်အကြောင်းပြုပေးသောအရာသည်
လူပြိန်းတွေး တွေးလျှင် ကြက်မဖြစ်သည်ဟု ဆိုကြမည်။ အမှန်မှာ ကြက်၏အစသည်
ကြက်မ မဟုတ်၊စတင်ဖြစ်ပေါ်ရာနေရာဌာနတော့ဟုတ်သည်။ မိခင်ကြက်မသည် ကြက်
ဥ၊ကြက်သားပေါက် ဖြစ်ပေါ်လာအောင် စတင်အကြောင်းခံပြုလုပ်ပေးသူမဟုတ်ချေ။
ကြက်ဖခင်ကလည်းစတင်အကြောင်းပြုလုပ်ပေးသူမဟုတ်ချေ၊
    Amoeba ပိုးများသည် အထီး၊အမ ဟူ၍မရှိ၊မူလ ပိုးကောင်၏ ကိုယ်မှ အစိတ်
အပိုင်းတစ်ခုပြတ်ထွက်သွားကာ နောက်ထပ် Amoeba တစ်ကောင်ဖြစ်လာရခြင်းဖြစ်
သည်။မိခင် ဘခင် မလိုပါ၊ တစ္ဆေ ၊ သရဲ ဟု အရပ်ခေါ် ခေါ်ကြသော ပြိတ္တာများသည်
လည်း အချို့လူများသေပြီးသည်နှင့်တပြိုင်နက် မိခင် ဘခင်မပါဘဲ ရုတ်တရက် ပြိတ္တာ
ဖြစ်သွားကြ၏။
    ထို့ကြောင့် အထီး အမ တို့၏ပေါင်းဆုံမှု (Parental Sexual Union)သည်
လူ၊သတ္တ၀ါများဖြစ်ပေါ်ရေးအတွက် အဓိက အကြောင်းရင်းမဟုတ်ကြောင်း၊အကူအပံ့
သဘောမျှသာဖြစ်ကြောင်း သိသာပေသည်။
    ယခုခေတ် မျိုးဗီဇပညာအရ လူကိုပင်လျှင် Stem Cell ကိုအသုံးပြု၍ ဓာတ်
ခွဲခန်း၌ ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ဘုရားသခင်ဖန်ဆင်းခြင်းတော့မဟုတ်ပါ၊သိပ္ပံပညာ
ရှင်များကထုတ်လုပ်ခြင်းသာဖြစ်ပါသည်။သို့ရာတွင် ဗုဒ္ဓ၀ါဒ ကျမ်းဂန်များ၌လာရှိသော
'သံသေဒဇ' ပဋိသန္ဓေ နေနည်းနှင့်ကား ကိုက်ညီနေပေ၏။
    သိပ္ပံပညာရှင်များအနေနှင့် လူ ၊ သတ္တ၀ါ များကို လုပ်ယူ၍ရနိုင်သော်လည်း
ထိုလူ၌ မည်သည့်အထုံဝါသနာ ပါစေချင်သည် ၊ မည်သည့် အရည်အချင်းရှိစေချင်သည်
မည်သည့်စိတ်ဓါတ်မျိုးရှိစေချင်သည်ဆို၍ မရနိုင်ကြပေ ။ ရုပ်တရားဆိုင်ရာဖက်မှာသာ
သိပ္ပံပညာရှင်များနိုင်နင်းကြသည်။နာမ်တရားရေးရာဖက်၌ သူတို့မတတ်နိုင်ကြပေ ။
၅ နှစ်သမီးလေးတစ်ယောက်က အကပညာကို လုံးဝမသင်ယူရသေးပါဘဲ အခြားသူများ
က သည်ကိုကြည့်ရရုံမျှဖြင့် တကယ့်မင်းသမီးကြီးများ က သကဲ့သို့ စည်းကိုက် ၀ါးကိုက်
က တတ်သည်ကို မည်သို့ဆိုမည်နည်း ၊ ၅ နှစ်သား ကလေးငယ်တစ်ယောက် စန္ဒယား
တီးနည်းကို သာမန်မျှ ကြည့်ရှုလေ့လာရုံနှင့် ကျွမ်းကျင်စွာတီးနိုင်သည်ကိုမည်သို့ဆိုမည်
နည်း ၊ တောင်ကိုရီးယားနိုင်ငံမှ ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်သည် တက္က
သိုလ်ပညာကို သင်ယူခဲ့သည်ကိုမည်သို့ဆိုမည်နည်း ၊
    ဤဖြစ်ရပ်များသည် သဘာဝနယ်လွန်ဖြစ်ရပ်များတော့မဟုတ်ပါ၊သဘာဝနယ်
အတွင်းမှာသာဖြစ်သည်။သို့သော် ပညတ်နယ်လွန်ဖြစ်ရပ်များအနေနှင့်တော့မှန်ပါသည်။
ဘ၀ဟောင်း၌ အဖန်ဖန် အထပ်ထပ်ပြုလုပ်လေ့ကျင့်မှု(အာသေ၀နပစ္စယော)ကြောင့်
မနောဘ၀င်စိတ်ထဲ စွဲထုံနေခဲ့သော အစွဲအလန်းများ၊အထုံဝါသနာများ၊အကျင့်စရိုက်များ၊
ကိလေသာများသည် အတိတ်ဘ၀က အကြောင်း ကမ္မ၀ဋ်(သင်္ခါရ)များဖြစ်သည်။ထိုသင်္ခါ
ရများကိုအကြောင်းပြု၍ ပစ္စုပ္ပန်ဘ၀ အကျိုး ၀ိပါက၀ဋ် ' ၀ိညာဏ် ၊ နာမ်ရုပ် ' စသည်တို့
ဖြစ်ပေါ်လာသောအခါ ဘ၀သစ်သို့ဆက်စပ်ပေးသောစိတ် (ပဋိသန္ဓေ၀ိညာဏ်)သည်
မနောဘ၀င်စိတ်အသစ် အဖြစ်ဖြင့် ဘ၀သစ်ကိုနိဒါန်းပျိုးပါတော့သည် ။ ၄င်း မနောဘ၀င်
စိတ်အသစ်သည် ဘ၀ဟောင်းက အစွဲအလန်း အထုံဝါသနာများ အကျင့်စရိုက်များ
ကိလေသာများကိုပါ ဘ၀သစ်အထိ သယ်ဆောင်လာသောကြောင့် အတိတ်ဘ၀က အ
တတ်ပညာများ ဘ၀သစ်အထိပါလာခြင်းဖြစ်သည်။
    ကောင်းသည့်ဖက်ကဖြစ်စေ၊ဆိုးသည့်ဖက်ကဖြစ်စေ ထိုအထုံဝါသနာ ၊ ပါရမီ ၊
ကိလေသာတို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းပေး၍ မရနိုင် ၊ ရနိုင်လျှင် လူ ၊ သတ္တ၀ါတိုင်း
သည် စက်ရုံကထုတ်လုပ်သော ကုန်ပစ္စည်းများကဲ့သို့ အတူတူဖြစ်နေကြလိမ့်မည်။ဝါသ
နာချင်း ၊ရုပ်ရည်ချင်း ၊ပညာချင်း ၊စိတ်ဓါတ်ချင်း အတူတူရှိနေကြလိမ့်မည် ။ မတူအောင်
ဖန်ဆင်းထားပါသည်ဆိုပြန်လျှင်လည်း မျက်နှာလိုက်ရာကျပါလိမ့်မည် ။ထို့ကြောင့် ဖန်
ဆင်းရှင်၏အခန်းကဏ္ဍကြားဝင်စွက်ဖက်၍မရနိုင်ပေ ။
    ကောင်းသောအကြောင်း ( ကံ ) ကိုဖန်တီးခဲ့ကြသူများသည် ကောင်းသော
အကျိုး( ဘ၀-ခန္ဓာ )ရလာကြ၏။ ဆိုးသောအကြောင်း ( ကံ ) ကိုဖန်တီးခဲ့ကြသူများသည်
ဆိုးသောအကျိုး( ဘ၀-ခန္ဓာ ) ရလာကြ၏။ ကောင်းသောအကျိုး (ဘ၀-ခန္ဓာ)ဖြစ်စေ ၊
ဆိုးသောအကျိုး (ဘ၀-ခန္ဓာ )ဖြစ်စေ ၊ အို ၊ နာ ၊ သေ ဘေးသုံးပါးမှ မလွတ်သောကြောင့်
သုခသစ္စာမဟုတ် ၊ ဒုက္ခသစ္စာသာဖြစ်၏ ။ ထို့ကြောင့် အကြောင်း(သမုဒယ)နှင့် အကျိုး
(ဒုက္ခ)တို့ စက်ဝိုင်းပုံစံဖြင့် ဖြစ်စဉ်သဘော ဖြစ်ပျက်နေသည်ကို ပဋိစ္စသမုပ္ပါဒ် လည်သည်
ဟုလည်းကောင်း ၊သံသရာလည်သည်ဟုလည်းကောင်း ဆိုရသည် ။
    ၃၁ ဘုံ၌ လူ ၊နတ် ၊ဗြဟ္မာ ၊သတ္တ၀ါအဖြစ်ဖြင့် လှည့်လည်သည်ဆိုသောစကား
မှာ အကောင်အထည်၊ဒြဗ်၊သဏ္ဍာန်၊အသွင်အပြင်ဖြင့် ပြောဆိုကြရသော သမ္မုတိပညတ်
အနေနှင့် ဆိုခြင်းသာဖြစ်သည်။ အမှန်မှာ ပရမတ်တရားများဖြစ်သော  အ ၀ိဇ္ဇာ၊ သင်္ခါရ၊
ဝိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ၊ဥပါဒါန်၊ကမ္မဘ၀၊ဇာတိ၊ဇရာမရဏ တို့၏
ကွင်းဆက်လည်ခြင်းဟုသာဆိုရသည်။ တစ်နည်း- အကြောင်းမှအကျိုး ၊ အကျိုးမှအ
ကြောင်း ဆက်၍သွားနေသော ဖြစ်စဉ်သာဖြစ်၏ ။ တစ်နည်း- သမုဒယသစ္စာမှဒုက္ခသစ္စာ၊
ဒုက္ခသစ္စာမှသမုဒယသစ္စာ ဆက်၍သွားနေသောဖြစ်စဉ်ဖြစ်၏။တစ်နည်း-ကိလေသ၀ဋ် ၊
ကမ္မ၀ဋ်တို့မှဝိပါက၀ဋ် ၊ ၀ိပါက၀ဋ်မှ ကိလေသ၀ဋ်,ကမ္မ၀ဋ်တို့ဆက်၍သွားနေသောဖြစ်
စဉ်ဖြစ်၏ ။
    ဖန်ဆင်းရှင်ဝါဒအမြင်တွင် သဘောမျှဖြစ်သော ပရမတ္တတရားများကို မြင်နိုင်၊
သိနိုင်စွမ်းမရှိ၊ပညတ် အတုံး အခဲမျှကိုသာ Linear Dimension အမြင်ဖြင့်သာပြောဆိုနိုင်
ကြ၏၊ပရမတ်သဘောတရားကို မြတ်ဗုဒ္ဓက လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် ဟော
ဖေါ် မြွက်ကြားတော်မူထားခဲ့သော်လည်း မကြာသေးမီနှစ်များမှသာ သိပ္ပံပညာရှင်တို့က
ရုပ် သည် အမှန်စင်စစ် စွမ်းအားပင်ဖြစ်တော့သည်ဟု သိလာကြခြင်းဖြစ်သည်။
    သိပ္ပံပညာ၏တိုးတက်မှုသည် မြတ်ဗုဒ္ဓ၏တရားတော်များအား ဦးခိုက်လျှက်
ရှိနေသောအချိန်တွင် ဖန်ဆင်းရှင်မှာ သိပ္ပံပညာနယ်ပယ်တွင်ရပ်တည်ရာမရတော့ပြီ
ဖြစ်ပေသတည်း ။
    ဦးဥဂ္ဂသေန ( မျှော်တော်တောင်ကျောင်း ) မှ သင့်လျှော်သလို ကောက်နှုတ်
ဖေါ်ပြပါသည်။ မိတ်ဆွေအပေါင်း ဓမ္မအမြင်ကြည်လင်ကာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြ
ပါစေ ။
            အခက်လေးသွယ်
    (၁)    သစ္စာလေးပါးတရားတော်
    (၂)    ပဋိသန္ဓေတည်နေဖြစ်ပေါ်ပုံတရားတော်
    (၃)    ပဋ္ဌာန်းနှင့်ပဋိစ္စသမုပ္ပါဒ်တရားတော်
    (၄)    သတ္တ၀ါဖြစ်ပုံတရားတော်    ဤတရားတော်လေးပါးတို့ အသိခက်သောတရားများဟူ၍
သမ္မောအဋ္ဌကထာဆရာမိန့် မှာတော်မူခဲ့ပါသည်။ဗုဒ္ဓဘုရားရှင်က သတ္တ၀ါတို့ ကျင်လည်နေကြသော သံသရာကိုအနမတဂ္ဂ(အစ မထင်)ဟူ၍ဟောကြားတော်မူခဲ့ပါသည်။ထိုသို့ ဗုဒ္ဓမြတ်စွာက အစမထင်ဟူ၍ဟောတော်မူခြင်းကြောင့်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်အား အချို့သောဘာသာခြားများကအပြစ်တင်ကောင်းတင်ဘွယ်ရာရှိပါသည်။သို့ ရာတွင်
ဗုဒ္ဓသည် နတ်ပြည်တွင် တိရစ္ဆာန်ကိုမမြင်၊ငရဲပြည်တွင် လူနတ်ဗြဟ္မာကဲ့သို့  သုဂတိဘုံသားများကိုမမြင်၊သုဒ္ဓါဝါသဗြဟ္မာပြည်တွင် ပုထုဇဉ်သတ္တ၀ါများကိုမမြင်၊ထို့ အတူ ရုပ်သက်သက်ရှိသောသတ္တ၀ါ၊နာမ်သက်သက်ရှိသောသတ္တ၀ါ၊ရုပ်နာမ်
နှစ်ပါးစုံရှိသောသတ္တ၀ါ စသည်ဖြင့် သုံးမျိုးသောသတ္တ၀ါအားလုံးတို့ ၏ အစမှာ ထင်နိုင်ဖွယ်မရှိခြင်းကြောင့် တစ်နည်းအားဖြင့် ပုထုဇဉ်သတ္တ၀ါတို့ ၏ဉာဏ်အမြင်တွင် ရှင်းလင်းစွာနားလည်နိုင်ရန်မလွယ်သောကြောင့် အနမတဂ္ဂ ဟူ၍သာဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။
    ဥပမာအားဖြင့်ဆိုရသော်----ယနေ့ သိပ္ပံပညာတွင်ပြောဆိုနေကြသော Atom,Nucleus,Neutron,Proton,
Electron,Neutrino,etc; များကိုမြင်တွေ့ ဖူးသောသိပ္ပံပညာရှင် တစ်ဦးတစ်ယောက်မျှမရှိကြဘဲ လက်ခံယုံကြည်နေကြရသည်မှာအကောင်းဆုံးသောသက်သေများဖြစ်ကြပါသည်။ထို့ ထက်ပို၍ဥပမာပေးရပါက ယနေ့ သိပ္ပံက ရုပ်ဆိုသည်မှာ အထည်ဒြဗ်မဟုတ်တော့ဘဲ စွမ်းအင်မျှသာဖြစ်သည်ဆိုသောစကားကို သာမန် အရပ်သား မည်သို့ မျှနားလည်နိုင်စွမ်းရှိမည်မဟုတ်ကြောင်းသိသာနိုင်သကဲ့သို့ ပင်ဖြစ်ပေတော့သည်။
    ဤနေရာတွင် အလျဉ်းသင့်၍တင်ပြလိုသည့်အချက်မှာ သိပ္ပံပညာရပ်များအံ့မခန်းတိုးတက်လာသည်နှင့်အမျှဗုဒ္ဓဟောကြားတော်မူထားခဲ့သည့် အဘိဓမ္မာကို ထောက်ခံလျက်သားဖြစ်နေသလောက် အခြားဘာသာများ၏ ထာဝရဘုရားမှာ သိပ္ပံပညာနယ်ပယ်အတွင်း၌နေရာမရှိတော့ခြင်းကို ရှင်းလင်းစွာတွေ့ မြင်လာရခြင်းဖြစ်ပါသည်။
    သတ္တ၀ါအစဖြစ်ပုံပြဿနာနျင့်ပတ်သက်၍ နိုင်ငံတော်သြ၀ါဒါစရိယ၊မြန်မာစာသြ၀ါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မ
ဇောတိက၊ထီးချိုင့်မြို့၊တည်တောဆရာတော်ကြီး ရေးသားတော်မူထားသော"သတ္တ၀ါအစဖြစ်ပုံ၊ဗုဒ္ဓဘာသာဟူသည်၊
အရိယာဟူသည်" ဆိုတဲ့စာအုပ်မှာ လေ့လာနိုင်ပါတယ်။
လောကီရေးရာ၊လောကုတ္တရာရေးရာ အဖြာဖြာတို့နှင့် စပ်လျဉ်းပြီး မျှဝေဖို့ ဖလှယ်ဖို့ နှီးနှောဖို့အတွက်
ယခု BLOG ကိုကြိုးစား ရေးသားခြင်းဖြစ်ပါသည်။အားလုံး ၀ိုင်းဝန်း ကူညီကြစေလိုပါသည်။